Apple Powered by Trendolizer

AKonThi | ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ လောင်ကျွမ်းနေတဲ့ တောမီးကြီးကို မီးသတ်သမားများစွာ ခက်ခက်ခဲခဲ ငြိမ်းသတ်နေရ -\-\-အကုန်သိ သတင်းဌာန-\-\-...

Trending story found on www.facebook.com
AKonThi | ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ လောင်ကျွမ်းနေတဲ့ တောမီးကြီးကို မီးသတ်သမားများစွာ ခက်ခက်ခဲခဲ ငြိမ်းသတ်နေရ  -\-\-အကုန်သိ သတင်းဌာန-\-\-...
ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ လောင်ကျွမ်းနေတဲ့ တောမီးကြီးကို မီးသတ်သမားများစွာ ခက်ခက်ခဲခဲ ငြိမ်းသတ်နေရ -\-\-အကုန်သိ သတင်းဌာန-\-\- အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေကို ထိန်းချုပ်နိုင်ဖို့ အတွက် တနင်္လာနေ့ (သြဂုတ် ၃) မှာ မီးသတ်သမား ၁၃၀၀ ကျော် ခက်ခက်ခဲခဲ ကြိုးပမ်းငြိမ်းသတ်နေကြပြီး မီးတောက်ကြီးတွေဟာ လော့စ်အိန်ဂျလိစ်အရှေ့ပိုင်းဒေသရှိ ဒေသခံတွေနဲ့ နေအိမ်အဆောက်အအုံတွေကို ခြိမ်းခြောက်လာနေတယ်လို့  ဆိုပါတယ်။ Apple Fire လို့  အမည်တပ်ထားတဲ့ ယင်းတောမီးဟာ သောကြာနေ့ က ဆန် ဘာနာဒီနိုမြို့အနီးကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး သစ်တောမြေ ၈၀၀၀ ဟက်တာလောက်ကို ၀ါးမြိုသွားခဲ့ပြီဖြစ်ကာ မီးတောက်မီးလျှံတွေ မီးခိုးလုံးတွေကို ဝေးကွာတဲ့ဒေသတွေကတောင် မြင်ကြရပါတယ်။ မီးခိုးများစွာ ဖုံးလွှမ်းနေတာကြောင့် အာဏာပိုင်တွေက စနေနေ့ ညပိုင်းမှာ ဒေသတွင်း လေထုအရည်အသွေး သတိပေးချက် ထုတ်ပြန်ထားခဲ့ပါတယ်။ တောမီးကြောင့် လူနေအိမ်ခြေ ၂၆၀၀ လောက်နဲ့ လူဦးရေ ၇၈၀၀ နီးပါးကို ဘေးလွတ်ရွှေ့ပြောင်းပေးထားကာ ၄င်းတို့ တွေ ပြန်နေထိုင်ခွင့်ရနိုင်တဲ့အချိန်ကို တိတိကျကျ မသိနိုင်သေးဘူးလို့  တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ နေ့ လည်ပိုင်းလောက်မှစကာ မီးသတ်သမား ၁၃၆၀ ကျော်လောက်က ရဟတ်ယာဉ်တွေ၊ ရေဖျန်းလေယာဉ်တွေ၊ မီးသတ်ကားတွေသုံးကာ တောမီးကိုထိန်းချုပ်နိုင်ဖို့  ကြိုးပမ်းနေကြပါတယ်။ တောမီးကြောင့် လူသေဆုံးမှု သတင်းတွေ မရှိသေးဘဲ အဆောက်အအုံနှစ်လုံးနဲ့ လူနေအိမ်တစ်လုံးသာ မီးလောင်ဆုံးရှုံးမှုရှိသေးကြောင်း သိရပါတယ်။ CNA
[Source: www.facebook.com] [ Comments ] [See why this is trending]

Trend graph:

Comments